တောင်ကုတ် မေ ၁၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကား ပြောကြားရာတွင် မိမိတို့ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးနိုင်သမျှလျော့ပါးရေး၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ် ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ဘေးအန္တရာယ်လျော့ပါးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၁၂) ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်းနှင့် ဖွဲ့စည်းထားသည့် ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက် ထမ်းဆောင်ကြရန်လိုကြောင်း ပြောကြားပါသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးရည်သန့်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်တို့က သဘာဝဘေးအန္တရာယ လျော့ပါးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)