ငါ့သရောက်မြို့တွင် မီးသတ်ဦးစီးဌာနမှ မောင်ဂွက်တောကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ရေဂါလံ ၃၂၀၀ သွာရောက်လှူဒါန်း

ငါ့သရောက် မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မီးသတ်ဦးစီးဌာနမှ မြို့လက်ထောက်ဦးစီးမှူး ဦးသန်းလှိုင် ဦးစီး၍ မီးသတ်တက်ဖွဲ့ဝင်များမှ ငါ့သရောက်မြို့ တောပြားကျေးရွာအုပ်စု မောင်ဂွက်တောကျေးရွာ မင်္ဂလာကံဘုန်းတော်ကြီးကျောင်းသို့ သွာရောက်ကာ သောက်သုံးရေ ရေဂါလံ ၃၂၀၀ အားသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလည်ပိုင်း မိုးနည်းဒေသဖြစ်သည့်အတွက် နွေရာသီ ရောက်ရှိလာလျှင် ဆည်၊ ကန်များ ရေခန်းခြောက်လာကာ ကျေးရွာအများစုမှာ ရေရှာပါးမှုဒက်ကို ခံစားကြရသည်။ ကုသိုလ်ရှင်များမှ လှူဒါန်းထားသော အဝီစိတွင်းများနှင့် အစိုးရမှ လှူဒါန်းထားသော အဝီစိတွင်းများ ရှိသော်လည်း သောက်သုံးရေအတွက်သာ ပေးနိုင်ပြီး အိမ်တွင် မွေးမြူထားသော နွား၊ ဆိတ်၊ သိုးများအတွက် သောက်သုံးရေးမှာ ရှားပါးလျက်ရှိကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း ယခုလို နွေရာသီရေရှားပါးအချိန် ရောက်ရှိလာလျင် မီသတ်တက်ဖွဲ့ဝင်များနှင့် အလှူရှင်များက ကျေးရွာများရှိ ဘုန်းတော်ကြီးကြောင်းများသို့ သောက်သုံးရေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)