မြစ်သား မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်နှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစ်သားမြို့နယ်၏ (ဂျီဒီပီ) တိုးတက်နှုန်းများကို ပြည့်မီကျော်လွန်အောင် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်နီလာအေးက ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များအား ကဏ္ဍအလိုက် အသီးသီးပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)