ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB(1.16)(Arcturus)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများအား နှာခေါင်းစည်း Mask Campaign ပြုလုပ်

ညောင်ဦး  မေ  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ယနေ့ နံနက် ၇ နာရီခွဲ အချိန်က  စတင်ပြီး ပြည်သူများ XBB(1.16)(Arcturus)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ဖြစ်ပွားကူးစက်မှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask Campaign ပြုလုပ်၍  နှာခေါင်းစည်း Mask များ၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့ ညောင်ဦး-ကျောက်ပန်းတောင်း နှစ်လမ်းသွားလမ်းမကြီး ဝဲ/ယာတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB(1.16)(Arcturus)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ ဦးဆောင်ကာ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားဖူးလာရောက်သူများ၊ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးသို့ ဈေးရောင်းဈေးဝယ်လာရောက်သူများ၊ လမ်းသွားလမ်လာများအား Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း နှာခေါင်းစည်း Mask များ အခုရေ (၃၀၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း နှာခေါင်းစည်း Mask များ ဖြန့်ဝေရာသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းကာ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း