လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

လယ်ဝေး မေ ၁၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာနတို့ ပါဝင်သည့် အဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ကာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်အခြေအနေ၊ မုန်တိုင်းတည်နေရာနှင့် ဗဟိုချက်၊ မုန်တိုင်းလေဖိအားနှင့် လေတိုက်နှုန်း၊ သတိပေးနှိုးဆော်ချက်များအား ပြည်သူများ သိရှိနိုင်စေရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)