တွံတေး၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ အ.မ.က(၁၃)ကျောင်း အမိုးလန်ပျက်စီးမှုဖြစ်ပွား

တွံတေး မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်အပိုင်း မြဂိုးကျေးရွာတွင် ယနေနေလည်၁နာရီ၁၅မိနစ်မှ ၁ နာရီ ၂၅ မိနစ်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြဂိုးကျေးရွာ တွံတေး-မအူပင်ကားလမ်းဘေးရှိ ငါးလုပ်ငန်းသိပ္ပံကျောင်းဝန်းအတွင်းရှိ အ.မ.က(၁၃) ကျောင်းအမိုးလန်ပျက်စီးမှုရှိကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြဂိုးကျေးရွာ တွံတေး-မအူပင်ကားလမ်းဘေးရှိ ငါးလုပ်ငန်းသိပ္ပံကျောင်းဝန်းအတွင်းရှိ အ.မ.က(၁၃)ကျောင်း အမိုးလန်ပျက်စီးသဖြင့် ကျောင်းဆောင်သွပ် အချပ်ရေ(၁၄၄)ချပ်၊ ၄"×၂" ၁၃ပေ၆လက်မဒိုင်း (၂၅) ချောင်း၊ ၃"×၁"ခွဲမျှား ၇၆ ပေ (၆) ချောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်(၄၈၄၂၀၀၀)ဖြစ်ကြောင်းနှင့် အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူတိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါကျောင်းဆောင်မှာ၁၉၅၈ခုနှစ်က ဆောက်လုပ်ထားသော ကျောင်းဆောင်ဟောင်းဖြစ်ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်သောနေရာသို့ တွံတေးမြို့အခြေပြုအမှတ် (၄၃၆) ခြေမြန်တပ်ရင်းမှတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဘုန်းမြင့်ကြွယ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုတအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးရဲမှူးမျိုးဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြဂိုးကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက ပျက်စီးသွားသော ကျောင်းဆောင်မှအပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)