မိုးညိုမြို့နယ်တွင်ဌာနဆိုင်ရာများ စု‌ပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှိုးဆော်ခြင်း၊‌ ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

မိုးညို  မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်‌ရေးနှိုးဆော်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာများစုပေါင်း၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလိုက်လံနှိုးဆော်ပေးခြင်း၊ ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ခြင်းကို မြို့ပေါ်နှင့်ကျေးရွာများ အ‌ ‌ရောက်ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဦးဆောင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာမှ တာဝန်ရှိသူများက မုန်တိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများသိရှိအောင် ရှင်းလင်းပြောကြားပြီး မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးချက်များအား Hand Speaker ဖြင့် မြို့ပေါ်နှင့်ကျေးရွာနေပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိအာင်‌ ‌ကြေညာ‌ပေးခြင်းနှင့် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ မုန်တိုင်း၏ အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)