လင်းခေး မေ ၁၁
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၃ခုနှစ်၊ မေလလယ်ပိုင်းတွင် ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရန် လင်းခေးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က လင်းခေးမြို့ ပြည်ငြိမ်းအေးအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေဝင်းက သဘာဝဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင်းခြင်း မိန့်ခွန်းပြောကြားပြီး ကူညီကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှုအားလိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ လင်းခေးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား လက်တွေ့သရုပ်ပြသရာ၊ ရပ်ကွက်/ ကျေးရွာများအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်၊ လူနာများအား ကယ်ဆယ်ကူညီပို့ဆောင်းခြင်း၊ မီးသတ်ယာဉ်ဖြင့် ပက်ဖျန်းပြသခြင်း၊ Tri Pod (သုံးချောင်းထောက်)၊ Hydraulic Cutter Hydraulic Spreader ၊ Hydraulic Ram၊Life Jacket (၃၅)ထည်၊ RECUSE၊ Rope(300M)၊ Glass Management Set၊ Jumping Shill၊ Chain Saw၊ ချိန်းဘလောက် စသည်တို့အား အသုံးပြုပုံ သရုပ်ပြသကြပြီး မုန်တိုင်းသဘာဝဘေး အန္တရာယ်ကျရောက်ခဲ့ပါက လွယ်ကူလျင်မြန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် အသင့်အနေအထား ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပါသည်။
အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ အင်အား(၄၁၂)ဦး တက်ရောက်ကြောင်း သိရှိရသည်။
လင်းခေးခရိုင်(ပြန်/ဆက်)