တုံတာမြို့ ရပ်ကွက်-၃၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

တုံတာ မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယနေ့နံနက်(၈)နာရီတွင် ရပ်ကွက်-၃ နယ်လှည့်ဟောပြောပွဲနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာန (Community Centre) ခန်းမ၌ နံနက်(၉)ခွဲတွင် မူးယစ်ဆေးဝါးနံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အဲန်းမေရီက မူးယစ်ဝါးအ‌ကြောင်းနှင့် မူးယစ်‌ဆေးဝါးအန္တရာယ် အ‌ကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre) ခန်းမ၌ မူးယစ်‌ဆေးဝါးနံရံကပ်အ‌ကြောင်းကို ရှင်းလင်းပြောကြားအပြီး ၎င်းမူးယစ်ဆေးဝါး တားဆီးရေးအသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာကြည့်ရှု၊ သိလိုသည်များကိုမေးမြန်း၊ မေးဖြေပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဲန်းမေရီ