သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ပိုစတာဆိုင်းဘုတ်စိုက်ထူ
May 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ပညာ သင်ကြားနိုင်စေရေး အတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသော ပိုစတာ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊တောင်လုံးညို အ-မ-ကကျောင်းတွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်
May 15,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့်  လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဂန့်ဂေါမြို့တွင် မိုခါမုန်တိုင်းကြောင့် ပြိုလဲကျသည့် သစ်ပင်သစ်ကိုင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှင်းလင်းဆောင်ရွက်
May 15,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် သစ်ပင် သစ်ကိုင်းကျိုးကျမှုများဖြစ်ပွားခဲ့ရာ ဂန့်ဂေါမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကူညီရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အမ်းမြို့နယ်အတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး
May 15,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့်  ရပ်ကွက်များနှင့် ကျေးရွာများတွင် နေအိမ်အချို့အမိုးလန်ပျက်စီး ခဲ့ပြီး လမ်းများ၌ သစ်ပင်၊သစ်ကိုင်းများ ကျိုးကျ၊ ပျက်စီးခဲ့ကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်တွင် တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
May 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်း၌ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများ တက်ရောက်သင်ကြားလျက်ရှိသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်တိုင်များ ကျိုးပဲ့ပျက်စီးခြင်းကြောင့် လမ်းပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်
May 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယမန်နေ့ ည​နေ ၁၆း၄၅ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများနှင့်  ဓာတ်တိုင်များ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့တွင်"မိုခါ"မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့်ရေဘေးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြသမှုများဆောင်ရွက်
May 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊မြုန်းလှေဆိပ်တွင် ရပ်ကွက်နေပြည်သူများအား  "မိုခါ" မုန်တိုင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြခြင်းများကို ကော့သောင်းခရိုင်၊မီးသတ်တပ်ဖွဲ့ဝင်များက ယမန် နေ့ နံနက်ပိုင်းတွင် သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။