ဒဂုံဆိပ်ကမ်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ပညာ သင်ကြားနိုင်စေရေး အတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသော ပိုစတာ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါပိုစတာတွင် ၂၀၂၃ခုနှစ်၊ မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိသည် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏သားသမီးများအားအချိန်မီ ကျောင်းအမြန်အပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
အေးမဉ္ဇူ