သတင်းများ

ပင်လုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade 9/ Grade 12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ်၌၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade 9/ Grade 12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။
ဂန့်ဂေါမြို့နယ်တွင် လေဘေးကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
May 15,2023
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် အန္တရာယ်ကျရောက်နိုင်သဖြင့် လေဘေးကင်းဝေးရာ နေရာသို့ ပြောင်းရွှေ့ကြရသည့် ဂန့်ဂေါမြို့ရှိ အိမ်ထောင်စုများထံသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျနေမှုအား တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်
May 15,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျနေမှုများ ဖြစ်ပွားခဲ့ရာ လမ်းများပိတ်ဆို့မှု မရှိစေရေး တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်(၅)တိုင် လဲကျပျက်စီးမှု ဖြစ်ပွား
May 15,2023
တောင်ကြီးမြို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းက သစ်ပင်လဲကျ၍ လျှပ်စစ်ဓာတ်မီးတိုင် (၅)တိုင် လဲကျပျက်စီးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ်၌ အခြေခံပညာအထက်တန်းဆင့် Grade-12 (သင်ရိုးသစ်) ပြည်နယ်အဆင့် သင်တန်းဖွင့်
May 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာအထက်တန်းဆင့် Grade-12 (သင်ရိုးသစ်) ပြည်နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမတွင် ကျင်းပသည်။
တာမိုးညဲမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်ဘုတ် ပြသ
May 15,2023
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ မိုးကြိုကာလတွင်ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့်
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
May 15,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့ (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Book Club)အသင်းဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (Community Centre)ခန်းမတွင် စာရေးဆရာ ကျော်ဝင်း ရေးသားသည့် “နှစ်ဆယ်တစ်ရာစု သားရွှေဥ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။