ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနား စီးပွားရေရာဝန်ကြီးတက်ရောက်
May 15,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာ၀န်ဆောင်မှုသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Sunshine Hotel ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)မှ တာဝန်ရှိသူများ၊ နည်းပြဆရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။