ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာအောင်ကိုဦးရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ ပူး ပေါင်း၍( Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။