အမ်းမြို့နယ်အတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး

အမ်း မေ ၁၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့်  ရပ်ကွက်များနှင့် ကျေးရွာများတွင် နေအိမ်အချို့အမိုးလန်ပျက်စီး ခဲ့ပြီး လမ်းများ၌ သစ်ပင်၊သစ်ကိုင်းများ ကျိုးကျ၊ ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အမ်းမြို့နယ် အတွင်း လူနေအိမ်ပျက်စီး(၂၀) လုံး (၃၀)သိန်း၊ လူနေအိမ် အမိုးလံ(၁၃)လုံး (၁၃)သိန်း၊ လူနေတဲပျက်စီး(၆၈) လုံး (၅၄.၄)သိန်း၊ လူနေတဲ အမိုးလံ(၁၅)လုံး (၇.၅) သိန်း၊လေယာဉ်ကွင်း မီးသတ်ကား အဆောက်အဦ (၁) လုံး ပြိုကျပျက်စီး (၂၅) သိန်း စုစုပေါင်း (၁၂၉.၉)သိန်း တန်ဖိုးခန့် ဆုံးရှုံးပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန် များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

ဆက်လက်၍ နေအိမ်အချို့အမိုးလန်ပျက်စီးမှုများနှင့် လေဘေးသင့်ပြည်သူများအား ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော် မတီက ဦးဆောင်မှုဖြင့် ရပ်ကွက်‌ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်၊ပြန်/ဆက်