ကော့သောင်းမြို့တွင်"မိုခါ"မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့်ရေဘေးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြသမှုများဆောင်ရွက်

ကော့သောင်း  မေ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊မြုန်းလှေဆိပ်တွင် ရပ်ကွက်နေပြည်သူများအား  "မိုခါ" မုန်တိုင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြခြင်းများကို ကော့သောင်းခရိုင်၊မီးသတ်တပ်ဖွဲ့ဝင်များက ယမန် နေ့ နံနက်ပိုင်းတွင် သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့သရုပ်ပြလေ့ကျင့်ရာတွင် ကော့သောင်း မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးချစ်မင်းသူ ဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင် (၁+၆) ဦး အရန်တပ်ဖွဲ့ဝင် ၃ ဦးတို့က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ (၄) ဦးတို့နှင့် လုပ်သားပြည်သူ (၄၀)ဦးခန့်တို့အား မုန်တိုင်းဘေးကျရောက် လာပါက ( ၅ ) ဂါလံဆံ့ ပလပ် စတစ်ပုံးအားရေ အပြည့်ဖြည့် တင်းထားပီးသောက်သုံးရေသုံးစွဲနိုင်သလို၊ ရေသွန်၍ အသက်ကယ် ဘောကွင်း အဖြစ်အသက်ကယ်နိုင် ကြောင်းလက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ပြီး၊ လေပြင်းကျချိန် အောက်စီဂျင်ပြတ်တောက်နိုင်သဖြင့် လေလာရာ ဘက်မျက်နှာမူပါက လေပြင်းအရှိန်ကြောင့် အဆုတ်ကွဲနိုင်သလို၊ကျောပေးနေပါက လျင်မြန်စွာပြေးနေသော လေကိုရှူရှိူက်ရန်ခက်ပီး အသက် ရှူကြပ်နိုင်၍ ဘယ်ဘက်သို့ခေါင်းအနည်းငယ်ငုံ့ထားပီး ၄၅  ဒီဂရီခန့်စောင်းနေသင့်ကြောင်း မုန်တိုင်းအသိပညာပေးသရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)