ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေတောင် မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊တောင်လုံးညို အ-မ-ကကျောင်းတွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးဟန်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသူက ထပ်ဆင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန ယက္ကန်းနှင့်အသက်မွေးဝမ်း ကျောင်းသင်တန်းနည်းပြ ဆရာမဒေါ်ဝင်းလဲ့နွယ်က သင်တန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လက်တွေ့သင်တန်းပို့ချနေမှုများကို ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား/ သူ(၂၀) ဦးတက်ရောက်၍သင်တန်းကာလ(၅) ရက်တာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)