သတင်းများ

ရမ်းဗြဲမြို့၌ အင်အားပြင်းမိုခါမုန်တိုင်း တိုက်ခတ်မူကြောင့် လူနေအိမ်နှင့်အဆောက်အဦများ သစ်ပင်သစ်ကိုင်းများ ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးပြီး လမ်းပိတ်ဆို့မူ မဖြစ်စေရေး တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်
May 16,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လေမုန်တိုင်းတိုက်ခတ်မူကြောင့် နေအိမ်နှင့်အဆောက်အဦများ အမိုးလန်ခြင်း သစ်ပင်သစ်ကိုင်းများ၊ ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးပြီး လမ်းပိတ်ဆို့မူများ ဖြစ်ပေါ်နေခြင်းအား ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တောင်ကုတ်မြို့နယ်၌ မုန်တိုင်းဘေးရှောင်ပြည်သူများအား နေရပ်သို့ပြန်လည် ပို့ဆောင်ပေး
May 16,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မြို့ပေါ်ရှိ မုန်တိုင်းဘေးရှောင်ယာယီစခန်းများတွင်လာရောက် ခိုလှုံကြသည့်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းမှစ၍ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မိုခါ မုန်တိုင်းအရှိန်ကြောင့် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သစ်ပင်များကျိုးကျ၍ နေအိမ်များ ပျက်စီး
May 16,2023
ကရင်ပြည်နယ်၊ဘားအံခရိုင် ဘားအံမြို့တွင် ယမန်နေ့က ''မိုခါ'' မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့ပေါ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်နှင့် ဂျိုင်းကျေးရွာတို့တွင်နေအိမ်များ၊ ကျေးရွာအုပ် ချုပ်ရေးမှူးရုံး(၁)ရုံးနှင့် မူလတန်း ကျောင်း(၁)ကျောင်းတို့မှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် ပတုပ်ကျေးရွာအုပ်စု၊ ကျောင်းစုပတုပ်ကျေးရွာ အ.က.ထ (ခွဲ) စာသင်ကျောင်း သွပ်အမိုးလန်ပျက်စီး
May 15,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပတုပ်ကျေးရွာအုပ်စု ကျောင်းစုပတုပ်ကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အထက(ခွဲ)စာသင်ကျောင်း သွပ်အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၈) လုံး အမိုးလန်ပျက်စီး
May 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယနေ့နေ့လယ် ၂ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၈) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဆည်တမံများ မိုးရွာသွန်မှုများခြင်းကြောင့် ရေပိုလွှဲမှရေကျော်
May 15,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှဆည်တမံများ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ဆည်များအတွင်းသို့ရေဝင်ရောက်မှုများကာ ရေပိုလွှဲမှ ရေကျော်လျက်ရှိကြောင်း သိရသည်။
ကေ့ာကရိတ်မြို့၌ လူငယ်လူရွယ်များ လိမ္မာယဥ်ကျေးမှုရှိစေရန် ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်း ဖွင့်လှစ်သင်ကြား
May 15,2023
မျိုးဆက်သစ်လူငယ်လူရွယ်များ လိမ္မာယဥ်ကျေးမှုရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်
May 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community Centre)ခန်းမတွင်  စကားပုံဆက်ပြိုင်ပွဲကို ယနေ့  နေ့လယ် (၁)နာရီက ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။