ဒဂုံဆိပ်ကမ်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယမန်နေ့ ညနေ ၁၆း၄၅ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်တိုင်များ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ငါးပိ၊ ငါးခြောက်ဇုန်(၅)လမ်း၊ ဘုရင့်နောင်လမ်းမပေါ်တွင် (၁၁)ကေဗွီ ဖီဒါ(၂)မှ ဓာတ်အားပေးသော( ၉)မီတာ (၂)တိုင်မှာ လေမိုးကြမ်းသောကြောင့် ဓာတ်တိုင်အောက် ခြေကျိုးပဲ့ ပျက်စီးသွားပြီး လမ်းမီးလုံး ၁လုံးနှင့်၊ ၁၁ကေဗွီ ဓာတ်အားလိုင်း (၅)ခန်း binding များ ပြုတ်ကျသွားကြောင်း သိရသည်။ အဆိုပါဓာတ်အားလိုင်းအား အစားထိုးလဲလှယ်နိုင်ရေးနှင့် ဓာတ်အား ပြန်လည်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း အပင်များကျိုးကျခြင်း၊ သစ်ပင် များကျိုးကျခြင်းများကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်သန့်ဇင် ဦးဆောင်သော စည်ပင်ပန်းဥယျာဉ်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ သွားရောက်ဖယ်ရှား ရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အေးမဥ္ဇူ