တံတားဦး မေ ၁၆
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင်ရေလုပ်ငန်းဖြင့် အသက်မွေးကြောင်းပြုလုပ်နေကြသည့် တံငါလုပ်သားများသည် ယခုနှစ်တွင် ငါးဈေးကောင်းရရှိ၍ ရှာဖွေသူများ ဝင်ငွေတိုးကာ မိသားစုစားဝတ်နေရေး ဖူလုံကြောင်းသိရသည်။
“ကျွန်တော်တို့ ရေလုပ်ငန်းတစ်ခုဖြစ်သည့် တံငါလုပ်ငန်းကို ငယ်စဉ်ကပင် လုပ်ကိုင်လာတာဖြစ်လို့ ရှာဖွေဖမ်းဆီးရာမှာ အခက်အခမရှိပါဘူး။ ယခင်နှစ်တွေမှာ ငါးဈေးက တစ်ပိဿာမှ (၄၀၀၀)ကျပ် အများဆုံး ရရှိတော့ သိပ်အဆင်မပြေကြဘူး၊ ဒါ့ကြောင့် တံငါလုပ်ငန်းကို ရပ်နားထားကြပြီး တောင်သူလုပ်ငန်းများတွင် အငှားလိုက် လုပ်ကိုင်နေကြပါတယ်၊ ယခုငါးစားသုံးတွေ များပြားလာသလို ငါးဈေးက လည်း နှစ်ဆလောက် တက်လာတော့ မိမိလုပ်ငန်းကျွမ်းကျင်သည့် ရေလုပ်ငန်းကို ပြန်လည်လုပ်ကိုင် ခြင်းဖြစ်ပါတယ်၊ ငါးခူ တစ်ပိဿာကို (၉၀၀၀)ကျပ်၊ အခြားငါးအကောင်ကြီး/ငယ် တစ်ပိဿာကို အနည်းဆုံး(၇၀၀၀)ကျပ်၊ ပုဇွန်ဆိတ်တစ်ပိဿာကို(၅၀၀၀)ကျပ် ရရှိပြီး ရပ်ရွာတွေ၊ ဈေးတွေမှာ ပြန်လည်ရောင်းချကြောင်း “ ရေလုပ်သား ဦးခင်မောင်သန်းထံမှသိရသည်။
အဆိုပါ ငါးဖွေခြင်းကို ချောင်းတွေ၊ ကန်တွေ၊ မြောင်းတွေမှာ အုပ်ဆောင်းအုပ်ဖမ်းခြင်း၊ ပိုက်သွယ်တန်းခြင်း၊ လက်တွန်းခြင်း၊ ရေပက်ခြင်းတို့ဖြစ်ပြီး မိရိုးဖလာလုပ်ကိုင်ကြသည့် ဒေသခံအချို့သာ လုပ်ကိုင်စားသောက်ကြပြီး၊ အများစုမှာ တောင်သူလုပ်ငန်းဖြစ်သည့် ထွန်၊ ထယ်၍ စိုက်ပျိုးရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)