ပန်လုံမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံ

ပန်လုံ မေ ၁၆

ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှု ရှိလာသဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပန်လုံမြို့၊ ရပ်ကွက်(၁)ရှိ ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထိုးနှံပေးခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက အနီးကပ်ကြီးကြပ်၍  ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကာကွယ်ဆေးထိုးမည့်သူများ
အား လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ တာဝန်ကျ ဌာနဆိုင်ရာများက စာရင်းသွင်းခြင်းတို့ကို စနစ်တကျစီစဉ်ဆောင်ရွက်၍ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းကို ပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ယနေ့တွင် ပန်လုံမြို့မှ အသက်(၁၈)နှစ်အထက် ကျား(၆၀)ဦး၊ မ(၅၄)ဦး၊ စုစုပေါင်း (၁၁၄)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပန်လုံပြန်/ဆက်