(၆၅) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏ ညအထူးတရားပွဲ(မြန်မာဘာသာ) ကျင်းပ

ပင်လုံ မေ ၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတဓမ္မဗိမာန်တော်ကြီး၌ (၆၅) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏ ညအထူးတရားပွဲ (မြန်မာဘာသာ) ကို (၁၅.၅.၂၀၂၃) ရက်နေ့မှ (၁၇.၅.၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညအထူးတရားပွဲကို နေ့စဉ် ည (၇) နာရီ၌ ကျင်းပပေးသွားမည်ဖြစ်ရာ ယမန်နေ့ (၁၅.၅.၂၀၂၃) ရက်နေ့တွင် နမ့်လန်မြို့၊ မြို့လယ်ကျောင်းမှ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏောဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) က ''ပညာဝုဒ္ဓိသုတ္တန်တရားတော်'' ကို ဟောကြားချီးမြှင့်ခဲ့ပါသည်။ တရားပွဲသို့ လာရောက်တရားနာသည့် ပရိတ်သတ်အပေါင်းမှ ဆရာတော်ကြီးအား ဝတ္ထုအလှူငွေ (၁၂၅၀၀၀ဝိ/-) ကျပ် ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)