နောင်ချိုမြို့နယ်တွင် Mask Campaign နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်း ဆောင်ရွက်

နောင်ချို မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး  Mask Campaign များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မစျေးထောင့်နှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မီးသတ်ဦးစီးဌာန၊ မိုးဇလ၊ လှုမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီအသင်းနှင့် ပရဟိတအဖွဲ့ဝင်တို့ ပူးပေါင်းပြီး ပြည်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ၊ သတိပြုရမည့်အချက်များ၊ မုန်တိုင်းအသိပညာပေး နှိုးဆော်ချက်များနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုမကြာခဏ ဆေးကြောရန် စသည့်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များကို ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်( ပြန်ဆက်)