မင်းတုန်းမြို့နယ်တွင် နွေနှမ်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မင်းတုန်း မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ဖေဖော်ဝါရီလတွင် နွေ‌နှမ်းများ စိုက်ပျိုးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးကွင်းဆင်း၍ တောင်သူများအား အသိပညာပေးစိုက်ပျိုးစေရာ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေနှမ်းများသည် ယခုအခါ အပွင့်များပွင့်လျက်ရှိပြီး တိုင်းတားကျေးရွာတွင် (၂၀)ဧက၊ တံတားကျေးရွာတွင် (၃၂)ဧကနှင့် ကန်လည်ကျေးရွတွင် ()ဧက စုစုပေါင်း (၅၄)ဧက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)