မုံးကိုး မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ရဲသင်တန်းသို့ သွားရောက်တက်ခဲ့သော ဒေသခံရဲတပ်ဖွဲ့ဝင်များအား ရှေ့တန်းအမှတ်တပ်မ (၉၉) တပ်မမှူး၊ ဉီးစီးအရာရှိများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ယမန်နေ့ နေလယ် (၁း၃၀)အချိန်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း သိရှိခဲ့ရပါသည်။
အဆိုပါ ရဲသင်တန်းဆင်းအဖွဲ့ဝင်များသည် မိမိတို့နေရာ၊ ဒေသကို ကာကွယ်နိုင်ရန်အတွက် ပင်ပန်းခက်ခဲသော သင်ခန်းစာများကို သင်ယူပြီးသောအခါ ယခုတွင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နိုင်သော ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာကြပါသည်။ ထို့ကြောင့် ရှေ့တန်းအမှတ်တပ်မ (၉၉)တပ်မမှူး၊ ဉီးစီးအရာရှိများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ရောက်ရှိလာသော ဒေသခံရဲတပ်ဖွဲ့ဝင်များကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုခဲ့ကြပါသည်။ ဆက်လက်၍ မုံးကိုးမြို့တွင်ရှိသော ရှေ့တန်းအမှတ်တပ်မ(၉၉)တမ်မမှူး၊ ဉီးစီးအရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တပ်ဖွဲ့ဝင်မိသားစုများက ကြိုဆိုရေးတီးဝိုင်းများ၊ ပန်းကုံးများဖြင့် ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြကြောင်းကို သိရှိခဲ့ရပါသည်။
009(မုံးကိုး)