နတ်မောက် မေ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဘာဝပိုးသတ်ဆေးနှင့် အဝါရောင်ပိုးထောင်ချောက်များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာအုပ်စု အင်းကုန်းကျေးရွာရှိ ကွင်းအမှတ် (၄၆၂)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများသည် စပါးများကို စိတ်ဝင်စားစွာ ဂရုပြုစိုက်ပျိုးလျက်ရှိပြီး အထွက်နှုန်းကောင်း စပါးမျိုးများကို ရွေးချယ် စိုက်ပျိုးလျက်ရှိသည်။ မြို့နယ်အတွင်း စိုက်ပျိုးထားရှိသော နွေစပါးများ ပိုးမွှားအန္တရာယ် ကျရောက်မရှိစေရန် ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် နွေစပါးအထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝပိုးသတ်ဆေးနှင့် အဝါရောင်ပိုးထောင်ချောက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာသို့ မကွေးခရိုင်သီးနှံပိုးမွှားကာကွယ်ရေး တာဝန်ခံ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း