သတင်းများ

ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့(RS-CS)ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းပို့ချ
May 19,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့(RS-CS) ထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာ သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရွာလယ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပို့ချခဲ့သည်။
မုံးကိုးမြို့ရှိ  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲဆောင်ရွက်
May 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်ဒေသခံပြည်သူများ အသိပညာဗဟုသုတ ရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ယနေ့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူငယ်များ စာပေဗဟုသုတ တိုးပွားစေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ ပြုပြင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
May 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံ ပြုပြင်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
May 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ကလေးသူငယ်များဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် လူနေအဆောက်အအုံများပျက်စီး
May 19,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အဆောက်အဦများ၊ ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးပေးခန်းများ၊ ဘာသာရေး အဆောက် အဦများ၊ လူနှင့် တိရစ္ဆာန်များ လေဘေးကြောင့် ဆုံးရှုံးပျက်စီးမှုများရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အမိုးသွပ်ပြားအချပ်ရေ(၂၀,၀၀၀)အပါအဝင် သွပ်ရိုက်သံများကို ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်၊ အလုပ် အမှုဆောင်များနှင့် ညီနောင်အသင်းအဖွဲ့များမှလှူဒါန်း
May 19,2023
လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် ညီနောင်အသင်းအဖွဲ့များမှ လှူဒါန်းထားသော အလှူငွေများထဲမှ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးခဲ့သောဒေသများရှိ ပြည်သူများအတွက် အရေးတကြီးလိုအပ်နေသည့် အမိုးသွပ်ပြားအချပ်ရေ(၂၀,၀၀၀)နှင့် သွပ်ရိုက်သံများကို ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အခြားမုန်တိုင်းဒဏ်သင့်ဒေသများသို့ လှူဒါန်းခဲ့သည်။