ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

ပေါက်ခေါင်း မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊  ပေါက်ခေါင်းမြို့နယ်တွင်  မြို့နယ်သစ်တောဦးစီးဌာမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ်‌ ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက်  ၈ နာရီခွဲအချိန်က  တောင်ဇင်းဝအနီး သဖန်းချိုကျေးရွာအုပ်စု၊ ဝေဠုဝန်ကျေးရွာ ကျေးရွာပိုင်မြေပေါ်တွင် ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း‌ရေးမှူး ရဲမှူးကိုကိုနိုင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဇော်ဇော်ဦး၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌နေမျိုးဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဝင်များ စုစုပေါင်းအင်အား ၁၂၀ ဦးခန့်ဖြင့် ကျွန်း ၃၀၀ ပင်၊ ပိတောက် ၂၀ ပင်၊ ယင်းမာ ၁၅ ပင်၊ရေတမာ ၂၀ ပင်၊စိန်ပန်ကြီး ၁၅ ပင်၊မန်ဂျန်ရှား ၃၀ ပင်၊ယမနေ ၂၀ ပင်၊မဟော်ဂနီ ၁၀ ပင်၊မြန်မာကုက္ကိုလ် ၁၅ ပင်၊ပျဉ်းမ ၂၀ ပင်၊မယ်ဇယ် ၁၀ ပင်၊ကံ့‌ကော် ၅ ပင်၊သပြေ ၂၀ ပင်၊စုစု‌ပေါင်းသစ်ပင် ၅၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)