“TILOG-LOGISTIX 2023” ပွဲကြီးသို့ မြန်မာနိုင်ငံ LOGISTICS ကဏ္ဍမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်

ရန်ကုန် မေ ၂၀

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဌာန (DITP) နှင့် အာဆီယံ၏ထိပ်တန်း ပြပွဲဖြစ်မြောက်ရေးအဖွဲ့ RX Tradex တို့မှပူးပေါင်းကျင်းပသည့် (၆) ကြိမ်မြောက် “TILOG-LOGISTIX 2023” ပွဲကြီးအား အာဆီယံနိုင်ငံများနှင့် အခြားပူးပေါင်း (၆)နိုင်ငံ ပါဝင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bangkok International Trade and Exhibition Centre တွင်၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ တီထွင်ဖန်တီးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ TILOG- LOGISTIX 2023 ပွဲအကြိုမိတ်ဆက်ခြင်း အခမ်းအနားဖြစ်သည့် Roadshow of TILOG-LOGISTIX 2023 ကို မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာအေးအေးနှင့် ဖိတ်ကြားထားသော Logistics ဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

TILOG-LOGISTIX 2023 ပွဲကြီးတွင် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှ ရာနှင့်ချီသော လုပ်ငန်းကြီးများ ဦးဆောင်၍ သယ်ယူပို့ဆောင်ရေး၊ စာရင်းစီမံခန့်ခွဲမှု၊ ပစ္စည်းကိုင်တွယ်မှု၊ ဂိုဒေါင်စီမံခန့်ခွဲမှုနှင့် ထုပ်ပိုးမှုများအပြင် ပြီးပြည့်စုံသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များနှင့်အတူ Logistic Companies များနှင့် SME Companiesများအတွက် Logistic လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုနည်းပညာများတိုးတက်မြှင့်တင်နိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။

Roadshowတွင် ထိုင်းသံရုံး (ရန်ကုန်)မှ Minister Counselor (Commercial) ဖြစ်သူ Assoc. Prof. Dr. Thanawut Naigowit မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Thai National Shippers’ Council မှ အမှုဆောင်ဒါရိုက်တာမှ “Thailand – Myanmar Corridor Rising in Sea Land Routes” ကို လည်းကောင်း၊ Reed Tradex Co.,Ltd မှ ကိုယ်စားလှယ်တစ်ဦးက “TILOG – LOGISTIX 2023 Smart and Green Logistic for Sustainable Tomorrow” ပြပွဲကြီးကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။TILOG-LOGISTIX ပွဲကြီးအား August လ (၁၇)ရက် နေ့မှ(၁၈) ရက်နေ့ထိ၊ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း ဘန်ကောက်မြို့ရှိ Bangkok International Trade and Exhibition Centre (BITEX) Hall98 တွင်ကျင်းပသွားမှာဖြစ်သည်။

ဤပွဲကြီးအား စိတ်ဝင်စား၍လာရောက်လေ့လာလိုသောလုပ်ငန်းရှင်များ အနေဖြင့် Online Register Link–www.tilog-logustix.com သို့စာရင်းပေးသွင်းနိုင်ပြီး သိရှိလိုသော အချက်အလက်များအတွက်  ဖုန်းနံပါတ် +66 2686 7222၊ Email – cantactcenter@rxtrade.com သို့မေးမြန်းနိုင်သလို Facebook page address – https//www.facebook.com/tilog.logistx တွင်လေ့လာနိုင်သည်။

ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် Logistic Industry ကဏ္ဍသည် (၉.၉၇) ရာခိုင်နှုန်းအထိ ရရှိခဲ့ သည် TILOG-LOGISTIX ပွဲကြီးတွင် Logistic ကုမ္ပဏီကြီးများနှင့် သုံးစွဲသူပေါင်း ၁၀,၀၀၀ ကျော် ပူးပေါင်း ပါဝင်ကြရန် မျှော်မှန်းထားကြပါကြောင်း သိရှိရသည်။

TILOG – LOGISTIX တွင် ထူးခြားသော အစီအစဉ်များမှာ ELMA (Excellence in Logistics Management Awards)၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားပြုပြီး Logistics Industry၏ Year’s Logistics Performance Index (LPI) ကိုချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ဆန်းမြင့်