မိုင်းဆတ်ခရိုင်(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မိုင်းဆတ် မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉)နာရီက အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ရှည်ကာလများတွင် ကလေးငယ်များဆော့ကစားခြင်းဖြင့် အချိန်မဖြုန်းစေရန်ရည်ရွယ်ပြီး ကဗျာရွတ် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်း၊ ကလေးစာဖတ်ခန်းတွင် ကလေးများ လေ့လာဖတ်ရှုနိုင်ရန် ကလေးစာပေများထားရှိပေးခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

မြင့်မောင်