စလင်း မေ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ၏ ရေတွင်းရေကန် များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ရေသန့်ဘူး၊ စားစရာမုန့်နှင့် ဖိနပ်များလှူဒါန်းပေးအပ်ပွဲကို ရှင်ပင်ဘုန်းပွင့်အာရုံခံ ဘုရားတန်ဆောင်း အတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်နေပြည်သူများအား ပေးအပ်ခဲ့သည်။
စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ လိုက်ပါ၍ ရေကြီးနစ်မြုပ်ခဲ့သည့် နေအိမ်များနှင့် ပြည်သူများ၏ လူနေမှုဘဝရပ်တည် ဆက်လက်ရှင်သန်နိုင်ကြစေရန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဆင်ဖြူကျွန်းမြို အမှတ် (၃) ရပ်ကွက် ပိုးအရှေ့ရပ်ကွက်များအတွင်း နေထိုင်ကြသည့် ပြည်သူများ၏ နေအိမ်များမှ ရေတွင်းရေကန် များ၊ ဘုံဘိုင်များအတွင်းသို့ အဘိတ်ဆေးများခတ်ခြင်း ပြုလုပ်ဆောင်ရွက်မှုများကို၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင်ဦးဆောင်၍ နယ်မြေတပ်နယ်မှ ဗိုလ်မှူးထင်လင်းအောင်၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းမင်းထွန်းနှင့် ရပ်ကွက်နှင့် ကျေးလက်ကျန်းမာရေးဆရာမများ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များ လိုက်ပါ၍ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ စုပေါင်းလှူဒါန်းသည့် ရေသန့်ဘူး၊ မိုးစိုစီးဖိနပ်နှင့် မုန့်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဗိုလ်မှူး ထင်လင်းအောင်နှင့် မိသားစုတို့က ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)