လေဘေးသင့်ပြည်သူများအတွက် (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တက်ရောက်

မော်လမြိုင် မေ ၂၀

မြန်မာနိုင်ငံအတွင်း မိုခါမုန်တိုင်းကြောင့် လေဘေးသင့်သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖနှင့် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင်မွန်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးအောင်ကြည်သိန်းက  မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး အပါအဝင် များစွာသော ဘေးအန္တရာယ်များကို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်တွေ့ကြုံ ခံစားရနိုင်သောနိုင်ငံဖြစ်ကြောင်း၊ မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ မုန်တိုင်းဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားလျက် ရှိပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုနှင့် မြို့နယ်အသီးသီးမှာ စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားရှိခြင်း၊  မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ အလှူရှင်များပူးပေါင်းကာ အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးသွားမှာဖြစ်သည့်အတွက် လှူဒါန်းမှုတွင် ပါဝင်သောအလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များမှ အလှူငွေများနှင့် ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် တိုင်းမှူး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ အသီးသီးလက်ခံခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

မိုခါမုန်တိုင်းကြောင့် လေဘေးသင့်သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ပြည်သူများအတွက် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုရှိ တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ စေတနာရှင်အလှူရှင်များ၏ (၁၈-၅-၂၀၂၃) ရက်နေ့အထိ  ငွေသားလှူဒါန်းမှုမှာ ကျပ်သိန်း(၃၄၀၀၇၂၁၅၀)ဖြစ်ပြီး ဆန်၊ ဆား၊  ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်ဗူးနှင့် ထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်းလှူဒါန်းငွေကျပ် (၃၉၀,၀၇၂,၁၅၀) ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)