တောင်ဥက္ကလာပမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုအား လမ်းပိတ်ဆို့မှု မရှိ‌ရေးရှင်းလင်းဆောင်ရွက်

တောင်ဥက္ကလာပ မေ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊  တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၁)ရပ်ကွက်တွင် သစ်ပင်လဲကျမှုဖြစ်ပေါ်ခဲ့သဖြင့် လမ်းပိတ်ဆို့မှုမရှိရေး၊ အန္တရာယ်မဖြစ်စေရေး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  အမှတ်(၁၁)ရပ်ကွက်၊ ရာဇသင်္ကြန်(၁)လမ်းထိပ်ရှိ ကုက္ကိုပင်လဲကျ၍ လမ်းပိတ်ဆို့မှုမရှိစေရေး၊ အန္တရာယ်မရှိ‌စေရေး၊ ထိခိုက်မှုများမရှိစေရေး အတွက်  တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ ပူးပေါင်း၍  ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကုက္ကိုပင်လဲကျမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း