သိန္နီ မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဝါသနာတူကလပ်အသင်းများဖြစ်သည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ လူငယ်အသင်း(Youth Club)များ ဖွဲ့စည်း၍ ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ Women Club အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ဝါသနာတူ ကလပ်အသင်းများဖွဲ့စည်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိတို့ဌာန၏ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော အမျိုးသမီးအသင်း (Women Club)အဖွဲ့ဝင်များက ပြည်သူအသိပညာပေးဟောပြောပွဲလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)