သိန္နီ မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်က သိန္နီမြို့ရပ်ကွက်(၃)တွင် လိုက်လံ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ မိခင်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေး မှူးတို့က ခြင်များ အလွယ်တကူပေါက်ဖွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ တာယာခွံများ၊ ရေဘူးများ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရေး အတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ် ကြက်ခြေနီအသင်း အတွင်းရေးမှူး ဒေါ်သင်းသင်းစိုးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)