လားရှိုးမြို့တွင် ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
May 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းလှိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းပါဝင်သော အဖွဲ့ဝင်များက လားရှိုးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင် များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။