၂၀၂၃ ခုနှစ် မေလအတွက် အငြိမ်းစားဝန်ထမ်းလစာများ စတင်ထုတ်ပေး

ပေါင်းတည် မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းမှစ၍ ဝန်ထမ်းအငြိမ်းစားလစာများကို ပေါင်းတည်မြန်မာ့စီးပွားရေးဘဏ်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဘဏ်မှ နိုင်ငံရေးပင်စင်စားများ၊ ကာကွယ်ရေးပင်စင်စားများနှင့် မြို့ပြပင်စင်စားများကို ပင်စင်လစာမျာထုတ်ပေးလျက်ရှိပြီး Myanmar Mobile Money စနစ်ဖြင့်လည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် နိုင်ငံ​​ရေးပင်စင်စား ၄၁ ဦး၊ ကာကွယ်ရေးပင်စင်စား ၁၇၃ ဦး၊ မြို့ပြပင်စင်စား ၃၉၁ ဦးနှင့် MMM စနစ်ဖြင့် ၁၉၃ ဦးကို ပင်စင်လစာများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)