ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီး၍ ပြည်သူများစုပေါင်းကာ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်

ဇေယျာသီရိ မေ ၂၂

ပြည်ထောင်စု‌နယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီး၍ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများ စုပေါင်းကာ ကျောင်းဝန်းအတွင်း သန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၏ လမ်းညွှန်မှုဖြင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအတွင်းရှိ အခြေခံပညာကျောင်းများအား သန့်ရှင်းရေးဆောင်ရွက်ခြင်းဖြစ်ရာ ယနေ့တွင် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဇေယျ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ နန်းဩကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ပုပ္ပါးကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၊ မွန်းတည့်ခွင်ကျေးရွာ အခြေခံပညမူလတန်းလွန်ကျောင်းတို့တွင် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုပေါင်းကာ ကျောင်းဝန်းအတွင်းရှိ အမှိုက်များနှင့်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)