ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

ကျောက်တန်း   မေ  ၂၂

ရန်ကုန်တိုင်းသေကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကျောက်တန်းမြို့နယ်အတွင်းရှိ (အငြိမ်းစား) ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်းများဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့ အဆင်ပြေသည့် နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်အတွင်း  အငြိမ်းစားဝန်ထမ်းပင်စင်စားများ အဆင်ပြေစေရေးအတွက်  မေလ ၂၂ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယခုအငြိမ်းစားပင်စင်ထုတ်ယူသူ (၄၇၅)ဦးခန့် ထုတ်ပေးပြီး နောက်ရက်များတွင်လည်း  ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာထံမှ သိရသည်။     

မြို့နယ် (ပြန်/ဆက်)