ဖား​ဆောင်းမြို့နယ်၌၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး ​တောင်သူအသိပညာ​​ပေးဆွေး​နွေးပွဲပြုလုပ်

ဖား​ဆောင်း ​မေ ၂၂

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်​ရေး​ တောင်သူအသိပညာ​ပေး​ဆွေး​နွေးပွဲကို ယ​​နေ့နံနက် ၉ နာရီအချိန်က ​​တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

​ရှေးဦးစွာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက မိုးရာသီကျ​ရောက်လာ​​တော့မည်ဖြစ်သည့်အတွက် ဝင်​ငွေတိုးပွား​စေရန်ဖြစ်ထွန်းမည့် သီးနှံများအား​အောင်မြင်ဖြစ်ထွန်း​အောင်​စိုက်ပျိုး ဆောင်ရွက်ကြ​စေလို​ကြောင်း၊ စိုက်ပျိုး​​ရေးအတွက်လိုအပ်သည့် အခက်အခဲများအားညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်ရန်အတွက်ဖြစ်​ကြောင်း စိုက်မည့်သီးနှံများအတွက် နိုင်ငံစီးပွားမြှင့်တင်​ရန်ပုံ​ငွေများထုတ်​ချေး​ပေးမည်ကြောင်း၊ စိုက်ပျိုး​ရေးဦးစား​ပေး​ဆောင်ရွက်ခြင်း​ကြောင့် မိမိတို့မြို့နယ်အတွင်း စား​သောက်ကုန်များ ​စျေးနှုန်းချိုသာစွာဖြင့်​ ရောင်းဝယ်နိင်​ကြောင်းတို့ကိုလည်း​​​ကောင်း၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​ဇော်မင်းထွန်းက​တောင်သူများမိုးရာသီတွင် စိုက်ပျိုး​သည့်နှမ်းသီးနှံနှင့်ပတ်သက်၍​ မြေသြဇာများနှင့် လိုအပ်သည်များကူညီ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း​ပြောကြားခဲ့​ကြောင်းနှင့် နှမ်းသီးနှံစိုက်ပျိုး​ရေးဆိုင်ရာ အ​လေ့အကျင့်​ကောင်းများ လက်ကမ်းစာ​​စောင်ကို စိုက်ပျိုး​ရေးဝန်ထမ်းများက ဖြန့်​ဝေ​ပေးခဲ့​​ကြောင်း သိရသည်။

ထို့​​နောက် တက်​​ရောက်လာကြသည့်​ တောင်သူများက သိရှိလိုသည်များကို​ မေးမြန်း​ဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်​ဆွေး​နွေး​ပြောကြားခဲ့​ကြောင်းနှင့် အဆိုပါ​ဆွေး​နွေးပွဲသို့ မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့်​ တောင်သူ ၃၀ ဦးတက်​ရောက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)