အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်ပွဲကျင်းပ
May 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ စုဝေးခန်းမ၌ ယနေ့ နံနက်(၁၀) နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖြစ်သည့် လေအေးပေးစက် (aircon) မွမ်းမံထိန်းသိမ်းခြင်း သင်တန်း၊ အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း၊ အိမ်တွင်းနေ့စဥ်သုံး လျှပ်စစ်ပစ္စည်း ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းနှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု (ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာအမျိုးမျိုးပြုလုပ်ခြင်း) သင်တန်း များဖွင့်ပွဲ ကျင်းပခဲ့သည်။