သိန္နီ မေ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ သာသနာ့ဗိမာန်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းအား မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဉက္ကဋ္ဌ ဒေါ်စမ်းစမ်းအေး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကလေးငယ်များအား ဘုရားရှိခိုးနည်းအမျိုးမျိုး၊ ယဉ်ကျေးလိမ္မာကဗျာနှင့် ပုံပြင်များ၊ (၃၈)ဖြာမင်္ဂလာ ကဗျာများအား သင်ကြားပေးရာ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ သင်တန်းကာလမှာ မေလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ နေ့စဉ် မွန်းလွဲ (၁)နာရီမှ (၃)နာရီအထိဖြစ်ပြီး သင်တန်းတွင် နည်းပြအဖြစ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဉက္ကဋ္ဌ ဒေါ်စမ်းစမ်းအေးနှင့် အဖွဲ့ဝင် ဒေါ်နုနုဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးတို့က သင်ကြားပို့ချပေးခြင်းဖြစ်သည်။ အဆိုပါသင်တန်းသို့ တက်ရောက်သင်ကြားနေသော သင်တန်းသူ၊ သင်တန်းသားများအား စာအုပ်၊ ခဲတံနှင့် အာဟာရမုန့်များကို မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)