သတင်းများ

ကွတ်ခိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်ခြင်း စတင်လက်ခံ
May 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ယနေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်ဆောင်ရွက်
May 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများကအေးချမ်းပျော်ရွှင်စွာကျောင်းလာရောက် အပ်နှံပေးလျက်ရှိကြောင်း သိရသည်။
ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပ
May 23,2023
မြန်မာစာအရေးအသားမှန်ကန်စွာ ရေးသားတတ်စေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ယနေ့၊နံနက်(၁၀)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။
ကျောင်းကုန်းမြို့၌ စီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် မိုးစပါးထောက်ပံ့ပေးအပ်
May 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ မုန်းသီတာကုမ္ပဏီ၌ ၂၀၂၃ ခုနှစ် မိုးစပါးရာသီအတွက် မျိုးစေ့ထုတ် ကန်ထရိုက်လယ်ယာ စနစ် ဖော်ဆောင်ခြင်း၊ ဆာဖိုးသာ(၁)၊ ဆင်းသုခ R-S to C-S ဧက(၅၀၀) စီမံကိန်း တာဝန်ပေးအပ်ပွဲ နှင့် မိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ငပလီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ
May 23,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၁၀‌ နာရီအချိန်က ငပလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
တပ်ကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
May 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင် ကျောင်းအပ်လက်ခံ
May 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ယနေ့နံနက် (၈:၀၀)နာရီအချိန်မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ် လက်ခံလျက်ရှိသည်။
ရွှေသောင်ယံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှု အ‌ခြေအနေများအား မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေး
May 23,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် (၂၃-၅-၂၀၂၃)မှ (၃၀-၅-၂၀၂၃) အထိ ကာလကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်ထားရှိရာ