မိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိူးစုံမျိူးကွဲများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
May 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဟိုပန်ကျေးရွာအုပ်စု၊ စမ်းသီတာ ၅ မိုင်ကျေးရွာအနီး၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိူးစုံမျိူးကွဲများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပရာတွင် မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးများ၊ ခရိုင်/မြို့နယ်မိခင်ကလေးအဖွဲ့များ၊ တိုင်းရင်းသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။