သတင်းများ

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း
May 22,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက် ငှားရမ်းပေးကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဟိုပုံးမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်
May 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်‌ရေးဦးစီးမှူးရုံး မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
May 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီက ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပူနွေးလာသော ကမ္ဘာနှင့်ပြောင်းလဲလာသောရာသီဥတု Talk Show ပြုလုပ်
May 22,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပူနွေးလာသော ကမ္ဘာနှင့်ပြောင်းလဲလာ သောရာသီဥတု အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် “အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းကြယ်သီးထိုးနည်းနှင့် ချည်ခင်အရုပ်ထိုးနည်းသင်တန်း” ဆင်းပွဲကျင်းပ
May 22,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီ ခွဲ အချိန်က “အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းကြယ်သီးထိုးနည်းနှင့် ချည်ခင်အရုပ်ထိုးနည်းသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကျန်းမာရေးဆိုးကျိုးဖြစ်စေမည့် လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီခွဲက မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များကို တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး
May 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။