လွိုင်လင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြကန်သာရေကန်အနီးတွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို လူထုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ စိုက်ပျိုးမည့်ပျိုးပင်များကို ဒေသခံပြည်သူများအား ပေးအပ်ပြီး ချယ်ရီပင်ကို စိုက်ပျိုးပေးပါသည်။