မြို့သစ်မြို့နယ်တွင် တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 16,2025
မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး တီဘီနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူလူထုအတွင် တီဘီရောဂါနှင့် အနာကြီးရောဂါ ကွင်းဆင်းရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်တွင် ထောက်ရှာတန်းကျေးရွာအုပ်စု၊ ထောက်ရှာတန်းကျေးရွာ၌ ကွင်းဆင်းရှာဖွေ ဖော်ထုတ်ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။