သတင်းများ

ရှာဖွေ‌ရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jul 16,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြုလုပ်သည့် ရှာဖွေ‌ရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၁၅)ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အမရပူရမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲ ပြုလုပ်
Jul 16,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီနှင့်ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့သည်။
ရေးမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ  ကျင်းပ
Jul 16,2025
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်  မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်၉နာရီက အစင်စံပြကျေးရွာတောင်သူဦးဆိုး၏ ဦးပိုင်အမှတ်၊ ၄၅/၂၊ ကွင်းအမှတ်-၁၁၆၀၊ ဧရိယာ ၆ ဒဿမ ၄ ဧကရှိလယ်မြေပေါ်တွင် ကျင်းပသည်။
စေတုတ္တရာမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် "မမေ့အပ်ပေဇာနည်တွေ"ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် (၃၂) ဦး၊ ပန်းချီပြိုင်ပွဲတွင် "(၁၉) ဇူလိုင်မမေ့နိုင်" ခေါင်းစဥ်ဖြင့် မူလတန်းအဆင့် (၄၄) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၇၆) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ခိုလမ်မြို့၊ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းလိုက်) တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ
Jul 16,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်း‌ကျောင်းခွဲ (ဟိုင်းလိုက်) တွင်  (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ‌စာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြော
Jul 16,2025
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ   လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက  ကျင်းပသည်။
ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 16,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပကြောင်း သိရသည်။