နမ့်စန်(တ) ဇူလိုင် ၁၆
ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်အသုံးပြုနည်းနှင့်စပ်လျဉ်း၍ နည်းပြသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ရွေးကေက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့်ဝန်ထမ်းများက အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက်ပိုင်းဆိုင်ရာများ၊ တပ်ဆင်နည်း၊ ကိုင်တွယ်အသုံးပြုနည်းများနှင့်ပတ်သက်၍ ဇူလိုင်လ ၁၅ ရက်မှ ၁၆ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်အခြားဌာနဆိုင်ရာများမှ နည်းပြအဖြစ်ပါဝင်ဆောင်ရွက်မည့် သင်တန်းသား/သင်တန်းသူ(၁၇)ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)