သတင်းများ

ချောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ရိုက်သင်တန်း ဖွင့်လှစ်
Jul 16,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားနိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ရိုက်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ဖွင့်လွှစ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်ရှိ ညောင်ပင်သာ အထက်တန်းကျောင်း၌  (၇၈)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော
Jul 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ညောင်ပင်သာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ် ပြသ
Jul 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော
Jul 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ "စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ" ကျင်းပရာအဆိုပါကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ(၃၂၅)ဦးတက်ရောက်သည်။
ကလောမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Jul 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်
Jul 16,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်
Jul 16,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိလူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကာ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီက ဇီးကုန်း(တိုးချဲ့)(အ.မ.က) ကျောင်းတွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Jul 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့  မွန်းလွဲ ၁ နာရီခွဲ အချိန်က အဆိုပါ ကျောင်းခန်းမတွင်